Cross Section Charts ရေးဆွဲနည်းအဆင့်အဆင့်
၁။  တိမ်ဖြစ်နိုင်မည့်အခြေအနေအားအချိန်အလိုက်ခန့်မှန်းရေးဆွဲခြင်း။
     (က) တိမ်ထိပ်ဖျားအမြင့် (Satellite Image မှခန့်မှန်းနိုင်သည်)
     (ခ )  တိမ်အောက်ခြေအမြင့် (Vertical Profile မှခန့်မှန်းနိုင်သည်)
     (ဂ )   တိမ်အမျိုးအစားနှင့်အရေအတွက် (မျက်မြင်နှင့် Satellite Image
              တို့ကိုကြည့်၍ခန့်မှန်းနိုင်သည်)
၂။  မြေပြင်လေတိုက်နှုန်းနှင့်တိုက်လေလာရာအရပ်အားအချိန်လိုက်ခန့်
     မှန်းဖြည့်သွင်းခြင်း။
၃။  အထက်လေစီးကြောင်းများ အလွှာလိုက် ဖြည့်သွင်းခြင်း။
၄။  ရာသီဥတုအခြေအနေအားအချိန်အလိုက်ခန့်မှန်းခြင်း။
     (က)   ရေးဆွဲထားသောတိမ်အခြေအနေပေါ်မူတည်၍ဖြည့်သွင်းရမည်။
     (ခ )   Synotic Chart အခြေအနေအားကြည့်၍ခန့်မှန်းရမည်။
     (ဂ )   အခြားသတင်းဌာနများမှခန့်မှန်းချက်များကိုလည်းထည့်သွင်း
              စဉ်းစားရမည်။ (WRF, NWP,etc.)
၅။  အဝေးမြင်တာအားအချိန်လိုက်ခန့်မှန်းခြင်း။
     (ရေးဆွဲထားသော ရာသီဥတုခန့်မှန်းချက်ပေါ်မူတည်၍ဖြည့်သွင်းရမည်။)
၆။  အပူချိန်
     (Pocket Register မှအချက်အလက်များပေါ်မူတည်၍ဖြည့်သွင်းရမည်။)
၇။  မိုးရေချိန်
     (Pocket Register မှအချက်အလက်များပေါ်မူတည်၍ဖြည့်သွင်းရမည်။)
၈။  နေဝင်နေထွက်/လဝင်လထွက်
၉။  လေထုဖိအား
     (Pocket Register မှအချက်အလက်များပေါ်မူတည်၍ဖြည့်သွင်းရမည်။)
၁၀။ လက်ရှိလေယာဉ်ကွင်းရာသီဥတုအခြေအနေ
     (နောက်ဆုံးရရှိထားသော METAR ကိုထည့်သွင်းရမည်။)

Comments
Post a Comment